Print
News and Activities
Hits: 4034
ရန်ကုန် (ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် ကူးစက်မှုပပျောက်ရေး စီမံချက် နှစ်ပတ်လည်စီမံချက်လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို Virtual Meeting ဖြင့် ပြုလုပ်ခဲ့ကြသည်။
IMG 1607.jpg1
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင် နှင့် စီမံချက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်မှ စီမံချက်အောင်မြင်မှုအပေါ် စီမံချက်ဝန်ထမ်းများအား ဂုဏ်ပြုပြောကြားခဲ့သည်။ အသင်းရှိ စီမံချက်အပြောင်းအလဲများ ရှိနေခြင်းကို အသင်းဝင်များနှင့် စီမံချက်ဝန်ထမ်းများအား အသိပေးပြောကြားခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရပ်များကိုလည်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ထိုနောက် စီမံချက်နှင့် စီမံချက်ဝန်ထမ်းများမှ စီမံချက်၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများ၊ စီမံချက်၏ လုပ်ငန်းအောင်မြင်မှုများ၊ အခက်အခဲအတားအဆီးများနှင့် အခြားစီမံချက်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း