- Details
- News and Activities
- Hits: 2231
စစ်တွေ ( သြဂုတ်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှုကို ၂၀၃၀ ပြည့်နှစ်၌ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း ထောက်ပံပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) စီမံချက် အကြောင်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ(၂)ရက်၊ နံနက် (၉)နာရီ အချိန်တွင် စစ်တွေဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 2298
မကွေးမြို့ (ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မကွေးတိုင်းဒေသကြီး) ၏ ကျန်းမာရေးမှူးများ စုံညီတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 2457
ရွှေကူ (ဇူလိုင်လ ၃၀ရက်၊ ၂၀၁၉ခုနှစ်)
ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ AEI (Accountability, Equity and Inclusion) ဆိုင်ရာ သင်တန်းကို ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် (၂၀၁၉ ခုနှစ်) ဇူလိုင်လ ၂၇ ရက် နှင့် ၂၈ ရက်နေ့တွင်တစ်ကြိမ်၊ ဇူလိုင်လ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ပြုလုပ်ကျင်းပခဲ့ပါသည်။
- Details
- News and Activities
- Hits: 2275
မန္တလေးမြို့ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး)၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းကို ဇူလိုင်လ (၂၇) ရက်က မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 3025
(ရွှေကူ၊ ဇူလိုင်လ ၂၀၁၉ခုနှစ်)
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ (၂၈) ရက်ကြာ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၈) ရက်နေ့မှ ဇူလိုင်လ (၁၅)ရက်နေ့အထိ ရွှေကူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသင်တန်းခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။